ချမ်းအေးသာစံ မတ် ၁၀
အားကစားအဆင့်အတန်းမြင့်မားစေရန်နှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ကာ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော် ဦးဆောင်မှူဖြင့် လူငယ်တန်းဖူဆယ်ဘောလုံး ပြိုင်ပွဲကို မတ်လ ၅ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဆုချီးမြှင်ပွဲအခမ်းအနားကို ဒေးဝန်အနောက်ရပ်ကွက်၊ ရတနာစုရပ်၌ မတ် ၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
လူငယ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မတ်လ ၅ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး လူငယ်တန်း ဘောလုံးအသင်း စုစုပေါင်း ၄၃ သင်းပါဝင်ခဲ့ပြီး ရှုံးထွက်စနစ်ဖြင့်ယှဥ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ငွေသားဆုများ၊ ဂုဏ်ပြုတံဆိပ်များ၊ တံခွန်စိုက်ဆုများ၊ အကောင်းဆုံး ဂိုးသမားဆုနှင့် အကောင်းဆုံးတိုက်စစ်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဒေးဝန်းအနောက်ရပ်ကွက်အနေဖြင့် လူငယ်တန်းဖူဆယ်ပြိုင်ပွဲကို နှစ်စဥ်ကျင်းပလျက်ရှိရာ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)