မတ္တရာ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ယမန်နေ့က တရားမဝင် ကျွန်းတံခါးချပ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ လင်းမြွေချောင်းရဲကင်းမှ တာဝန် ရှိသူများ၊ သက်သေများပူးပေါင်းပါဝင်သောအဖွဲ့သည် ဝသုန္ဒရဘိနယ် အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ထန်းပင်ကုန်းကျေးရွာအုပ်စု ထန်းပင် ကျေးရွာ တောင်ဘက် ချောင်းမကြီးအနီးတွင် လူမရှိဘဲ ရပ်တန့်ထားသည့်(၁၂) ဘီးယာဉ်ပေါ်၌ ကျွန်းတံခါးချပ်များ တင်ဆောင်ထားသည်ကို တွေ့ရှိရသဖြင့် ယာဉ် ပေါ်ပါ ကျွန်းတံခါးချပ်များအား မြို့နယ်သစ်တောဦးစီး ဌာနရုံးတွင် စစ်ဆေးရာ တရားမဝင်ကျွန်းတံခါးချပ်(၉၅)ချပ်၊ (၂.၀၉၆၀)တန် စုစုပေါင်းတန်ဖိုး (၂၀၉၆၀၀၀) ကျပ် အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါတရားမဝင်ကျွန်းတံခါးချပ်များ သယ်ဆောင်လာသူများအား စုံစမ်းဖော် ထုတ် အရေးယူနိုင်ရေးအတွက် မတ္တရာမြို့မစခန်းမှ အမှုဖွင့်၍ စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)