ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေရာသီ အားကစားသင်တန်းများဖွင့်လှစ်

ဝမ်းတွင်း  မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုလုံလေလုံခန်းမနှင့် အားကစားကွင်းကြီးတို့တွင် ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်  အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် နွေရာသီအားလပ်ရက်များတွင် လူငယ်မောင်မယ်များ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ တမျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရန်၊ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရန်၊ နိုင်ငံတကာ အဆင့်မီ အားကစား သမားများ ပေါ်ထွန်းလာစေရန်အပြင် လူထုအားကစားလုပ်ရှားမှုများ တိုးတက်စေခြင်းနှင့် ခေတ်မီအားကစားအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ကျွမ်းကျင်သောအားကစားသမားများ‌ မွေးထုတ်ရေးစသည့် ရည်ရွယ်ချက် ရည်မှန်းချက်များဖြင့် သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။ ယခုဖွင့်လှစ်သော သင်တန်းတွင် ဘောလုံးအားကစား၊ မြန့်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင် စသည့် အားကစားအမျိုးအစားများပါဝင်ကြောင်းသိရသည်။

အဆိုပါ နွေရာသီသင်တန်းများ ဖွင့်လှစ်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)