ကျောက်ဆည် မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး စေတနာ့ဝန်ထမ်းများ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသင်တန်းဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ကျန်းမာရေးအရာရှိ ဦးကျော်စွာထွန်း၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးသာဆန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိန္ဒာထက်နှင့် သင်တန်းနည်းပြ ၁၂ ဦးတို့က လူထုကျန်းမာရေး လုပ်သားဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်တာဝန်ဝတ္တရာများ၊ လုပ်နည်းလုပ်ဟန်များ၊ ကျန်းမာရေး သဘောတရားနှင့်အခြေခံမူ(၅)ချက်၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ၏လုပ်ငန်းများ၊ ကူးစက် ရောဂါ၏ မဓိပ္ပာယ်၊ကူးစက်ပြန့်ပွားပုံကွင်းဆက်များ၊ ကူးစက်ရောဂါဖြစ်လာလျှင် ပြုလုပ်ရမည့် အချက်အလက်များနှင့်ချက်ချင်းဆောင်ရွက်ရန် နည်းလမ်းများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ဖြစ်သောရောဂါများ၊ ကလိုရင်းဆေးခတ်းခြင်းအကြောင်း၊ အမှိုက် သရိုက် စနစ်တကျစွန့်ပစ်ရန်နည်းလမ်းများ၊ ကျန်းမာရေးအသိပညာပေးနိုင်ရန်အတွက် လူထုကျန်းမာရေး လုပ်သားများတွင် ရှိသင့်သည့် ကျွမ်းကျင်မှုများ၊ ပညာပေးနည်းလမ်းများ၊ ပညာပေး အထောက်အကူပစ္စည်းများ၊ လူထုပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက်ခြင်း၊ လူထု ကိုယ်တိုင် ကျန်းမာရေးပြသနာများကို လေ့လာဖော်ထုတ်နည်း၊ ပြသနာများကို ဖြေရှင်းနည်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုပညာများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ တီဘီစေတနာ့ဝန်ထမ်း၊ ငှက်ဖျားစေတနာ့ဝန်ထမ်း၊ ICMV၊ လူမှုကျန်းမာရေးလုပ်သား စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၉ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၂) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)