ပြည်ကြီးတံခွန်မြို့နယ်၌ တံခွန်တိုင်ရပ်ကွက်ရှိ ဈေးတန်းရပ်၌ မီးလောင်မှုဖြစ်ပွား

ပြည်ကြီးတံခွန် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်၌ ယမန်နေ့ ည ၇ နာရီ ၃၅ မိနစ်က ပန်းရံလုပ် နေအိမ်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ‌နေရာသို့ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထွေအုပ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒုတိုင်းမီးသတ်ဦးစီးမှူး ဦးရှိုင်းဝေမိုး ဦးစီး၍ သန္ဓေ ၃၀ ဦးနှင့် အရံ ၆၀ ဦးတို့က အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသွားခဲ့ရာ မီးလောင်မှုကြောင့် နေအိမ် ၅ လုံးနှင့်ဆိုင်ကယ်နှစ်စီး လောင်ကျွမ်းခဲ့သည်။ ယင်း မီးလောင်မှုကြောင့် အိမ်အမှတ် ၇/၁၄ မီးစတင်လောင် ကျွမ်းရာနေအိမ်ပိုင်ရှင် ဦးသံချောင်းအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)