ပုသိမ်ကြီး မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မီးလန့်မှုများ ဖြစ်ပွားပေါ်ပေါက်မှုများ မရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ၀န်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အတွက်မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
မေဝတီ (ပုသိမ်ကြီး)