ညောင်တုန်း ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက အမှာစကားပြောကြားပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးခိုင်က ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက် ထားရှိသည့် အခြေအနေများအကြောင်းနှင့် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းသူက ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ ၉၀၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်သိန်း၊ မြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးခိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝဠာနိုင် (ညောင်တုန်း)