မြစ်သားမြို့နယ် ကူမဲမြို့မဈေးအတွင်း၌ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးကွင်းဆင်းစစ်ဆေး

မြစ်သား    မတ်    ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့မဈေးအတွင်း၌ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဈေးများ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို မတ် ၁၀ ရက် နံနက် ၁၁ နာရီက   တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး   ရဲမှူးဌေးဝင်း၊  ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်အဖွဲ့ဝင်များက ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသုံးစွဲမှုအခြေအနေများနှင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံမှုရှိ၊ မရှိစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိခြင်း၊ ဈေးဆိုင်ခန်းများကို သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း၊ မကောင်း လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

ရဲနိုင်ဦး(မြစ်သား)