ပျော်ဘွယ်မြို့စည်ပင်သာယာဈေးနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကာကွယ်ရေး စစ်ဆေး

ပျော်ဘွယ် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့်အဖွဲ့သည် ပျော်ဘွယ်မြို့ စည်ပင်သာယာဈေးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများကို မတ် ၉ ရက် ညနေ ၃ နာရီက ကြည့်ရှု စစ်ဆေးကာ 191 Application အသုံးပြုနိုင်ရေး၊ ရေသိုလှောင်ကန်ထားရှိမှု၊ မီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ထားရှိမှုနှင့်  လိုအပ်ချက်များကို အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)