ပျော်ဘွယ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ အဆင်သင့်ဖြစ်စေရေး ပြင်ဆင်

ပျော်ဘွယ် မတ် ၁၀

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားမှု၊ မီးဘေးအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းပြင်ဆင်ထားမှုများအား ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များက စာစစ်ဌာနများသို့သွားရောက်ကွင်းဆင်း စစ်ဆေးသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်မှစတင်ကျင်းပမည်ဖြစ်ပြီး စာစစ်ဌာနများ ဖြစ်သည့် အမှတ်()အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ အ.ထ.က-၂(ပန်းစုံ)၊ အ.ထ.က(ရွှေညောင်ဖူး)၊ အ.ထ.က(အရှေ့လျှော်ဖြူကုန်း)၊ အ.ထ.က(ယင်းတော်)၊ အ.ထ.က(မြောက်ညောင်ကုန်း)၊ အ.ထ.က (ရန်အောင်)၊ အ.ထ.က(ရွာသစ်အနောက်)တို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပြင်ဆင်ထားမှု၊ သောက်သုံးရေ ပြည်စုံမှုရှိစေရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးသည်။ ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာန ၉ ခု ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂,၄၆၈ ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)