တနင်္သာရီ-ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိ သူ (Case+3)အသက်(၆၇)နှစ်ရှိ အမျိုးသားတစ်ဦးအား ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းတည့်(၁၂)နာရီ အချိန်က ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံမှနေအိမ်သို့ပြန်လည် ဆင်း ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဆေးရုံမှဆင်းခွင့်ပြုရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး ၊ မြို့နယ်ဆရာဝန်ကြီး(ကိုယ်စား)အထက်တန်းသူနာပြဆရာမ ဒေါ်ဥမ္မာစိုး၊ ချောင်းကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းတို့မှ ကြိုဆိုနှုတ်ဆက်ကြပြီး ဆေးရုံဆင်း ထောက်ခံ ချက်ကို ပေးအပ်ကာ မိမိ နေအိမ်တွင်(၇)ရက်တိတိသီးခြား နေထိုင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီတိတိကျကျလိုက်နာဆောင်ရွက်ရန်မှာကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံ လူနာတင် ယာဉ်ဖြင့် မာန်လည်လမ်း၊ ချောင်းကြီးရပ်ကွက် တနင်္သာရီမြို့နေအိမ်သို့ အိမ်တိုင်ရာရောက် လိုက်ပါပို့ဆောင်ပေးခဲ့ရာ ၎င်း၏မိသားစုဝင် များက ဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။
အဆိုပါ (Case+3) အသက်(၆၇)နှစ်ရှိ အမျိုးသားသည် တနင်္သာရီမြို့နေအိမ်မှ ပဲခူးမြို့သို့ ဘုရားဖူးသွားရင်း ကိုဗစ်-၁၉ ကာလအတွင်း နေရပ်ပြန်ရန်အခက်ခဲကြုံနေရသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၀ နေ့က နေရပ်သို့ ပြန်လည် ရောက်ရှိလာပြီး အထက-တနင်္သာရီ(Community Based Facility Quarantline) အသွားအလာကန့်သတ်စောင့်ကြပ်ကြည့် ရှုထားစဉ် ဒီဇင်ဘာလ(၂၇) ရက်နေ့က ၎င်း၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်(Swab)နမူနာကို မော်လမြိုင်မြို့ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိကြောင်း ပြန်ကြားလာသဖြင့် ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ တနင်္သာရီမြို့ကုတင်(၅၀)ဆံ့ပြည်သူ့ ဆေးရုံကြီးကြပ်ကုသဆောင်သို့ပြောင်းရွှေ့ပြီး ကျန်းမာရေးစောင့်ကြပ် ကုသပေးပေး လျက်ရှိရာ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ် ရက်ပြည့် မြောက်ပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်လည်ဆင်းခွင့်ပြုခြင်း ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)