မြစ်သားမြို့နယ်၌ တောင်သူစိုက်ပျိုးရေးနည်းပညာ ပေးဆွေးနွေးပွဲနှင့်သွင်းအားစုပေးအပ်

မြစ်သား မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခုနှစ် နွေသီးနှံ (ပဲတီစိမ်း၊‌မြေပဲ၊နေကြာ) မျိုးကောင်းမျိုး သန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်ရည်ရွယ်၍ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများအား တောင်သူစိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို မတ် ၁၀ ရက် နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန ကူမဲမြို့ ကူမဲနည်းပညာပေးစင်တာအစည်းအဝေးခန်းမတွင် ကျင်းပသည်။

 ဦးစွာ  မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်က  အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေးက (ပဲတီစိမ်း၊‌  မြေပဲ၊ နေကြာ) မျိုးစေ့များနှင့် နွေစပါး၊ ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုပစ္စည်းများပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်က (ပဲတီစိမ်း၊‌ မြေပဲ၊ နေကြာ) မျိုးစေ့များနှင့်‌နွေစပါး၊ ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ပိုးနည်းစနစ်စသည့်အချက်များကိုအခြေခံကာ တောင်သူများအား ပညာပေးဆွေးနွေးဖလှယ်စေခြင်းစသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်သူများကို ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းဆေး၊ ပဲတီစိမ်းမျိုးစေ့၊ မြေပဲ၊ နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)