မဟာအောင်မြေမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်များတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မဟာအောင်မြေ မတ် ၁၀

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပတ်ရက်များတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

မဟာအောင်မြေမြို့နယ်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက်များတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့တွင် လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစာအပြင် အခြားဗဟုသုတများရရှိစေရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းများတိုးတက်လာစေရန်၊ စာပေတွင် မွေ့လျော်ပြီး အမှားအမှန်ဝေဖန်နိုင်စေရန်၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အများကျိုးသယ်ပိုးထမ်းဆောင်‌စေလိုသောစိတ်များ မွေးမြူတတ်လာစေရန်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်ဟောပြောပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇော်မင်း