မဟာအောင်မြေ၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်တို့၌ စက်သုံးဆီချွေတာရေး အသိပညာပေး

မဟာအောင်မြေမြို့နယ်

န္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့၌ သတ်မှတ်ရက်များအလိုက် ​မော်​တော်ယာဥ်များ စုံ/မ မောင်းနှင်အသုံးပြု​ရေး ပညာပေးဆောင်ရွက်မှုများကို မတ် ၉ ရက်မှ စတင်ဆောင်ရွက်သည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာ​​အောင်​မြေမြို့နယ်၊ ​ဟေမမာလာ​မြောက်ရပ်ကွက်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်​ရေးမှူး ဦးမင်းနိုင် ဦးဆောင်သည့် ယာဥ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၉)မြို့မရဲစခန်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်​သောပူး​ပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်းလိုင်စင်မဲ့ မော်တော်ယာဉ်များ စီးနင်းမောင်းနှင်မှုမရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံမှုရှိစေရေးနှင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စုံ/မ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနှင်စေရေး အသိပညာပေး ​ပြောကြားခြင်းများ ဆောင်ရွက်သည်။

ဝမ်းတွင်းမြို့နယ်

အလားတူ ဝမ်းတွင်းမြို့နယ်၌ စက်သုံးဆီချွေတာရေးမော်တော်ယာဥ်များအား ညွှန်ကြားချက်နှင့်အညီ စက်သုံးဆီများရောင်းချရေး အလေးထားလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းကို

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်း ဦးဆောင်သော One Stop Service ပူးပေါင်းအဖွဲ့က လမ်းမပေါ်မောင်းနှင်နေသော မော်တော်ယာဉ်များကို အသိပညာပေးခြင်း မတ် ၁၄ ရက်မှစတင်၍ လိုက်နာဆောင်ရွက်ခြင်း မရှိသော မော်တော်ယာဉ် မောင်းနှင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများဆောင်ရွက်ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်

ထို့အတူ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အတွင်းဖြတ်သန်းသွားလာ မောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ စက်သုံးဆီချွေတာနိုင်စေရန်၊ ယာဉ်အသုံးပြုမှုကန့်သတ်ချက်များကိုသိရှိနိုင်စေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မတ် ၁၀ ရက်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်းနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များစက်သုံးဆီ ချွေတာနိုင်ရန် မော်တော်ယာဉ်မောင်းသူများအား လစဉ် “စုံ” ရက်များ၌ “စုံ”နံပတ်ပါယာဉ်များ မောင်းနှင်ရန်၊ “မ”ရက်များ၌ “မ” နံပါတ်ပါယာဉ်များမောင်းနှင်ရန်၊ လုပ်ငန်းလိုင်စင်ကားများ အနေဖြင့် လုပ်ငန်းလိုင်စင်အား မြင်သာသည့်နေရာတွင်ကပ်ထားရန် ပြည်သူများနှင့် ယာဉ်မောင်းနှင်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း၊ ဌေးလှိုင်(ဝမ်းတွင်း)၊ မင်းမင်းထွေး(ပျော်ဘွယ်)