တံတားဦး မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ တံတားဦခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးဘေးသတိရှိရေးစသည်တို့ကို ရည်ရွယ်ပြီး မီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် (၁၀) နာရီက ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအနီးရှိ ပတ်ဝန်းကျင် နေအိမ်များအား မီးဘေးလုံခြုံရေးလုပ်ငန်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဖိုများကို သတ်မှတ်ချိန်အတွင်းသာ မီးကို အသုံးပြုကြစေလိုကြောင်း၊ ဒါ့အပြင် နေအိမ်များတွင် မီးလောင်လွယ်သော လောင်စာများမထားရှိရေး၊ မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ၊ လှေကားနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရေးတို့ကို အကြံပြုဆွေးနွေး စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများသို့ တစ်အိမ်တက်တစ်အိမ်ဆင်းစစ်ဆေးခြင်း၊ မြို့မဈေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များစစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ မီးဘေးအန္တရာယ် သရုပ်ပြခြင်း၊ ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး စိမ့်ဝင်ပျံ့နှံ့စေရန် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)