မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၁
မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု (၉၂)အိမ်ယာတွင် အလျား(၁၇၂၀)ပေရှိသော (နံ့သာလမ်း) နိဗ္ဗာန်လမ်းမကြီး တလျှောက် ကိုယ့်အားကိုယ့်ကိုး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသည် ယနေ့ နေလယ်ပိုင်း၌ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ လမ်းမသည် အလျား (၁၇၂၀)ပေ၊ အကျယ် (၇)ပေ၊ ထု(၄)လက်မ ကျယ်ဝန်းပြီး ဒီဇင်ဘာလ ၅ ရက်နေ့က လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသည်။
ကွန်ကရစ်လမ်းမသစ်ကြီးအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာမိရွာဖတို့ ဦးစီး၍ လမ်းတည်ဆောက်ရေးကော်မတီမှ ကျေးရွာနေ ပြည်သူများ၊ အဝေးရောက် လှိုင်းဘုန်းရွာသားများ စုပေါင်းထည့်ဝင် လှူဒါန်းငွေ (၈၈၇၃၂၅၀)ကျပ်ဖြင့် ကိုယ့်အား ကိုယ်ကိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)