ဇေယျာသီရိ ဇန်နဝါရီ ၁၁
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက် စစ်ဆေးသည့် အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်း က နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၅၆)ခုအတွက် ကျပ်သန်း(၁၀၀)အထက် လမ်းလုပ်ငန်း (၇)ခု၊ ရေရရှိရေးလုပ်ငန်း(၁)ခု၊ အခြားလုပ်ငန်း(၁)ခုနှင့် အဆောက်အဦလုပ်ငန်း (၄၇)ခုတို့အတွက် Lot(၁၄)ခု၊ QC/AC လုပ်ငန်းများအတွက် Lot(၂)ခု စုစုပေါင်း Lot(၁၆) ခုတို့အား တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါလျှောက်လွှာ တင်သွင်းထားသည့် နည်းပညာအဆိုပြုလွှာများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားလှယ်များ၊ မြို့နယ်တင်ဒါကော်မတီဝင်များနှင့် တင်ဒါလျှောက်လွှာ တင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)