နောင်တရားမြို့အဝင်၌ နှာခေါင်းစည်းတပ်ဆင်ရေးအသိပညာပေးဆောင်ရွက်

နောင်တရား ဇန်နဝါရီလ ၁၁

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အဝင်၌ ယနေ့ နံနက်ပိုင်း တွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

နောင်တရားမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်မောင်းများနှင့် ဒေသခံပြည်သူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုစေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေး အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အပြင်သွားလျှင် စနစ်တကျ နှာခေါင်းစည်း တပ်ဆင်အသုံးပြုစေသည့် ယဉ်ကျေးမှုဖြစ် ပေါ်လာစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)