ရပ်စောက် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူနှင့် ဝန်ထမ်းများသည် မြို့မအုပ်စုအတွင်းရှိ ရပ်ကွက်အချို့တွင် ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးများ၌ ခွေး၊ ကြောင်တိရိစ္ဆာန်များအား ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ပိုင်ရှင်မဲ့ခွေးလေခွေးလွင့် များပြားလာခြင်းကြောင့် ခွေးရူး ရောဂါ ဖြစ်ပွားမှုလျော့နည်းရေးနှင့် ကင်းစင်ပပျောက်ရေးအတွက် အရှိန်အဟုန်ဖြင့် ထိုးနှံဆောင်ရွက် လျက်ရှိရာ ရပ်စောက် မြို့နယ်အတွက် ခွဲဝေရရှိသော ခွေးရူးရောဂါကာကွယ် ဆေးအလုံးရေ (၁၂၀)လုံးအား မြို့မအုပ်စု အတွင်းရှိ ဥတ္တံတား၊ မြောက်ကွက်သစ်၊ တောင်ကွက်သစ်နှင့် မြို့ဦးရပ်ကွက်တို့၌ ခွေး၊ ကြောင်တိရိစ္ဆာန် အကောင်ရေ(၁၂၀)ကောင်တို့ကို ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)