ဝါးခယ်မ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ မြို့တွင်းလမ်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်နေ့မှစကာ ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်နှင့် ကျောင်းသား၊ ကျောင်းသူများ အစဉ်အမြဲ ဖြတ်သန်း သွားလာနေရသော လမ်းဖြစ်သည့် စတုရန်းပေ ၂၅၀၀၀ ရှိ စျေးရပ်ကွက်နှင့် ပတ္တမြားရပ်ကွက်ကြား ဘုရားကြီးလမ်း နှစ်လမ်းသွား ကွန်ကရစ်လမ်းအား ကတ္တရာ ရေပိတ်လွှာခင်းခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၉၀ ဖြင့် လည်းကောင်း၊ အလျား ၇၅၀ ပေ၊ အနံ ၃၀ ပေ၊ ထု ၄ ဒသမ ၅ လက်မရှိ မင်းပိုင်းရပ်ကွက် ကမ်းနားလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၄၈ သိန်းဖြင့် လည်းကောင်း SMEC ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)