ထန်တလန်မြို့၌ ကလေးမြို့မှ ရောက်ရှိလာသူတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ထန်တလန် ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကလေးမြို့မှ ရောက်ရှိလာသူ အမျိုးသားတစ်ဦး၏ ဓာတ်ခွဲနမူနာကို RDT ဖြင့် စစ်ဆေးရာ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာမှာ အသက်(၁၈)နှစ် အမျိုးသားဖြစ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ အလုပ်လုပ်ကိုင်ရန် ရောက်ရှိ လာသူဖြစ်ကာ ယမန်နေ့တွင် ဓာတ်ခွဲနမူနာ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါ ပိုးတွေ့လူနာအား ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်လျက်ရှိပြီး ယခုလတ်တလောအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ အဆိုပါ(၁)ဦးအပါအဝင် ပိုးတွေ့လူနာ(၃)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)