ဖလမ်း ဇန်နဝါရီ ၁၂
ဖလမ်းမြို့၊ ဗိုလ်ချုပ်လမ်း၌ ယနေ့နံနက် ၄ နာရီ ၁၀ မီနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၆)လုံး မီးလောင်ပျက်စီးပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ ဖလမ်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစာရုံမန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မီနစ်ခန့်က မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်(၆)လုံး မီးလောင်ပျက်စီးပြီး အသက်(၆၉)နှစ် နှင့် အသက်(၄၂)နှစ်အရွယ် အိမ်ရှင်အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့ကြောင်း ဖလမ်းခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်