ညောင်ဦး ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင်-၂၀၀ ပြည်သူ့ဆေးရုံကြီး၌ သားယောကျ်ားလေး ၃ ဦး မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးများအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးနိုင်ရန် လိုအပ်သည့်စာရွက်စာတမ်းများ ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းစီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ သုံးမွှာပူးမွေးဖွားသည့်မိခင်သည် ညောင်ဦးမြို့နယ်၊ မြင်းကပါရွာ၊ မြို့လယ်ရပ်နေ ကိုအောင်သူဟိန်း၊ မသန္တာလှိုင်တို့မှ သုံးမွှာပူး သားယောကျ်ားလေးသုံးဦးအား ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက အောင်မြင်စွာမွေးဖွားခဲ့သဖြင့် ညောင်ဦးခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင်းက သုံးမွှာပူးထောက်ပံ့ကြေး ထောက်ပံ့နိုင်ရေးအတွက် လိုအပ်သည့် စာရွက်စာတမ်းများ ဆောင်ရွက်ကူညီပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊ သုံးမွှာပူး ထောက်ပံ့ ကြေး ငါးသိန်းကျပ်ထောက်ပံ့ပေးလျက်ရှိရာ ထောက်ပံ့မှုအဆင်ပြေစေရေး ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။
ကိုထိန်၊KPD