ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေအား ထပ်ဆင့်အသိပညာပေး ရှင်းလင်းပွဲကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့်အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ()နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရှင်းလင်းပွဲ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးမှ ရပ်ကွက် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးနည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေ အား ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးခြင်းနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ပြီး မွန်းလွဲ()နာရီခန့် အချိန်တွင် အသိပညာပေး ရှင်းလင်းပွဲပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ် (ခရိုင် ပြန်/ဆက်)