ဖယ်ခုံမြို့၌ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းသွားရောက်ခဲ့သော သူနာပြုနှစ်ဦးအား ဂုဏ်ပြုကြိုဆို

ဖယ်ခုံ    ဇန်နဝါရီ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ သွားရောက် ကူညီဆောင်ရွက်ခဲ့သော သူနာပြုဆရာမ နှစ်ဦးသည် ယမန်နေ့ ညနေ နာရီက မြို့နယ်ဆေးရုံသို့  ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိလာသော သူနာပြုဆရာမ ဒေါ်ဇင်မာအောင်နှင့် ဒေါ်မေသဉ္ဖာစိုး တို့နှစ်ဦးအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်ဆေးရုံရှေ့တွင် ပန်းစည်းများ၊ လက်ဆောင်များဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြ သည်။

သူနာပြုဆရာမ ဒေါ်ဇင်မာအောင်က ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖယ်ခုံ မြို့နယ်ကိုယ်စားပြု ကျွန်မ(ဒေါ်ဇင်မာအောင်)နဲ့ ဒေါ်သဉ္ဖာစိုး နှစ်ယောက်သွားခဲ့တာပါ။ စုစုပေါင်း တစ်လနဲ့ ခုနှစ်ရက် ကြာပါတယ်။ ရန်ကုန်မှာ ပူးပေါင်း ဆောင်ရွက်ရတာ အဆင်ပြေပါတယ်။ ခုလိုသွားရတဲ့အတွက် ကိုယ်တိုင်လဲ ကျေနပ်တယ်။ ပျော်လဲပျော်ပါတယ်။ အခက်အခဲကတော့ သိပ်မရှိပါဘူး PPE တ်တဲ့အချိန်ခဏပဲ အကျင့်ဖြစ် သွားတော့လဲ အဆင်ပြေပါတယ်။ ရန်ကုန်ကိုသွားဖို့ ကိုယ်တိုင်လဲဆန္ဒရှိတယ်၊ ဆေးရုံကနေလဲ သွားခွင့်ပြုတော့ သွားဖြစ်ခဲ့တာပါ”  ဟု ပြောကြားသည်။

အဆိုပါသူနာပြုဆရာမနှစ်ဦးသည် ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံကိုယ်စားပြု စေတနာ့ဝန်ထမ်းအဖြစ် ရန်ကုန် တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ရက်နေ့မှ ၂၁ ခုနှစ် ဇန်နဝါရီလ ရက်နေ့ထိ စုစုပေါင်း (၃၈)ရက် သွားရောက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

မောင်မောင်ထွေး (ပြန်/ဆက်)