အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း၌ အာဟာရငှက်ပျောသီးများ ဒါနကုသိုလ်ပြု

ကျောက်ဆည် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဖွင့်လှစ်နေသည့် နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်နှင်းယုသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အာဟာရငှက်ပျောသီးများ ဒါနကုသိုလ်ပြု ကျွေးမွေးခဲ့ကြောင်း  သိရသည်။

အဆိုပါပန်းချီသင်တန်းကို မတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပန်းချီဆရာဦးစိုးမြင့်ဒွဏ်း၊ ပန်းချီညို (ကျောက်ဆည်)နှင့် ကာတွန်း(ဒိန်းဂျား)တို့မှ အခြေခံပန်းချီပညာများဖြစ်သည့် မျဉ်းကွေး၊ မျဉ်းမတ်၊ မျဉ်းစောင်း၊ စက်ဝိုင်းများ၏ သဘောတရားများနှင့် အရောင်အနု/အနုအရင့် ရေးချယ်ခြင်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)