မြစ်သားမြို့နယ်၌ ယခုနှစ် မိုးကြိုသီးနှံစိုက်ပျိုး ရာသီတွင် ပဲတီစိမ်း ၆၀၇ ဧကလျာထားစိုက်ပျိုး

မြစ်သား မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရေရရှိရေးနည်းလမ်းများအလိုက် ၂၀၂၅-၂၀၂၆‌  ခုနှစ် နွေသီးနှံမျိုးစုံ ၂၀၁၁၀ ဧကလျာထားပြီး ကူမဲရှေ့တန်းစခန်းနှင့် မိုင်းမောရှေ့တန်းစခန်းတို့တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ်မိုးကြိုသီးနှံ  ပဲတီစိမ်း ၆၀၇ ဧကလျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

၂၀၂၅-၂၀၂၆ခုနှစ် မိုးကြိုစိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း တောင်သူများကို အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ ပဲတီစိမ်းစိုက်ခင်းများဖြစ်ထွန်းအောင်မြင်စေရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ အရည်အသွေးကောင်းသီးနှံများထွက်ရှိရေးအတွက် စိုက်ခင်းများအတွင်း ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်းသိရသည်။

မိုးကြိုသီးနှံပဲတီစိမ်း အထွက်နှုန်းများတိုးတက်စေဖို့နဲ့ အရည်အသွေးကောင်းမွန်စေဖို့အတွက် ဒေသနဲ့ကိုက်ညီ‌သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင် အောင်နှင့်ပဲတီစိမ်းစိုက်ခင်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများထည့်သွင်းခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်မည်ဖြစ်ကြောင်း မိုးကြိုသီးနှံ ပဲတီစိမ်းစိုက်တောင်သူထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)