ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် နှင့်ဇီဝဗေဒဘာသာရပ်ဖြေဆိုအောင်မြင်ပြီးမြောက်

ညောင်ဦး မတ် ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၁၇ ရက်၊နံနက် ၉ နာရီကစတင်၍ ဘောဂဗေဒဘာသာရပ်နှင့်ဇီဝဗေဒဘာသာရပ် ဖြေဆိုမှု ယနေ့ မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာဖြေဆိုပြီးမြောက်ခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အခြေခံပညာ အထက်တန်းကျောင်း(ညောင်ဦး)၊အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)စာဖြေဌာနဖွင့်လှစ်၍ ဖြေဆိုလျှက်ရှိပြီး ကျောင်းသား(၄၄၀)၊ကျောင်းသူ(၅၄၆)ဦး စုစုပေါင်း(၉၈၆)ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးရက်ဖြေဆိုပြီးမြောက်ကြောင်းသိရသည်။

စာမေးပွဲဖြေဆိုပြီးမြောက်ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များအနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများမှတာဝန်ယူဆောင်ရွက်ပေးလျက်ရှိကာ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊  ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများအား ရေသန့်ဘူးနှင့်မုန့်များပေးဝေခဲ့ကြောင်းသိရသည်။

ဒီပါလင်း