ကျောက်ပန်းတောင်း မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်နှင့်စက်မှုစိုက်ပျိူးမွေးမြူရေးအ.ထ.က(လက်ပံပျား)မှ သက်ဆိုင်ရာဘာသာရပ်များကို မတ် ၁၇ ရက်တွင် အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ဖွင့်လှစ်ထားသည့် စာဖြေဌာန ၆ ခု၌ ဇီဝဗေဒဘာသာရပ်တွင်၁၅၅၀ ၊ ဘောဂဗေဒဘာသာရပ်တွင် ၉၂၀ ၊ စက်မှုစိုက်ပျိုးမွေးမြူရေး အ.ထ.က (လက်ပံပျား)မှ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတွင် ဖြေဆိုသူ ၅၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၅၂၂ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြရာ အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)