ပြင်ဦးလွင် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဇီ၀ဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ သွားရောက်ကြည့်ရှုအားပေးကြသည်။
ပြင်ဦးလွင်မြို့နယ်၌ စာစစ်ဌာန ၇ ခုရှိရာ ဇီ၀ဗေဒဘာသာရပ်တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၃၃၉ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ၃၂၄၃ ဦးနှင့် ပျက်ကွက်သူ ၉၆ ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၇ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ ၂ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်တွင်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၆၉၀ဦးရှိပြီး ဝင်ရောက် ဖြေဆိုသူ၁၆၀၉ ဦးနှင့် ပျက်ကွက်သူ ၈၁ ဦး၊ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၅ ဒသမ ၂၁ ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ ၄ ဒသမ ၇၉ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)