မြစ်သားမြို့ မင်းလည်ကျေးရွာ၌ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

                                                               မြစ်သား   ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျန်းမာရေးဦးစီးဌာန ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၆၉.၀၀)ဖြင့်ဆောင်ရွက်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို မင်းလည်ကျေးရွာရှိ အဆိုပါ အဆောက်အဦသစ်ရှေ့၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာစိန်ပိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေး မှူး က ကျေးလက်ကျန်းမာရေးဌာနခွဲ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ဆေးပေးခန်းသည် အလျား ၄၁ ပေအနံ ၃၀ပေအမြင့် ၁၆ပေရှိ RC ()ထပ် နှင့် အလျား ၃၈ ပေ အနံ၂၅ပေအမြင့် ၁၆ ပေရှိ ဝန်ထမ်းအိမ်ယာ()ခန်းတွဲ RC ()ထပ် အဆောက်အဦ အမျိုးအစား ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေနဲ့ ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ယခင်က ထက်ပိုမို အလေးပေး စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)