ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂ‌ဗေဒဘာသာရပ်တို့ဖြေဆို

ပုသိမ်ကြီး မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာစစ်ဌာနနှစ်ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုခဲ့ကြောင်း သိရသည်။

 ဇီဝဗေဒ ဘာသာရပ်ကို ‌ဖြေဆိုရာ စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား ၂၉၄ ဦး၊ ကျောင်းသူ ၅၄၀ ဦး၊ စုစုပေါင်း ၈၃၄ ဦး ရှိပြီး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၈၀ ဦး၊ ကျောင်းသူ ၅၂၉ ဦး၊ စုစုပေါင်း ၈၀၉ ဦး ဝင်ရောက်ဖြေဆိုကြသည်။ ပျက်ကွက်သူပေါင်း ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၁ ဦး၊ စုစုပေါင်း ၂၅ ဦးရှိကာ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၇ ဒသမ ၀၀ ရာခိုင်နှုန်းရှိပြီး ဘောဂဗေဒဘာသာရပ်တွင်  စာရင်းရှိ ကျောင်းသား ၂၅၁ ဦး၊ ကျောင်းသူ ၂၈၇ ဦး၊ စုစုပေါင်း ၅၃၈ ဦး ရှိပြီး လာရောက်ဖြေဆိုသူ ကျောင်းသား ၂၂၀ ဦး၊ ကျောင်းသူ ၂၇၅ ဦး၊ စုစုပေါင်း ၄၉၅ ဦး ဝင်ရောက်ဖြေဆိုကြသည်။ ပျက်ကွက်သူပေါင်း ကျောင်းသား ၃၁ ဦး၊ ကျောင်းသူ ၁၂ ဦး၊ စုစုပေါင်း ၄၃ ဦးရှိကာ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၂ ဒသမ ၀၁ ရာခိုင်နှုန်းကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။    

ပုသိမ်ကြီးမြို့နယ်တွင် တက္ကသိုလ်တန်းစာမေးပွဲကို စာစစ်ဌာနနှစ်ခုဖြစ်သည့် အ.ထ.က ပုသိမ်ကြီးနှင့် အ.ထ.က အုန်းချောတို့တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။ 

ဇာနည်ကိုကို(ပြန်/ဆက်)