ဟိုပင်မြို့တွင် Gread-12 စာမေးပွဲလာရောက်ဖြေဆိုသူ (၉၇) ရာခိုင်နှုန်းကျော်ရှိ

ဟိုပင် မတ်လ ၁၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ် Gread-12 စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မတ်လ ၁၁ ရက်မှ ၁၇ ရက်ထိ ကျင်းပဖြေဆိုခဲ့ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အ.ထ.က (ဟိုပင်)စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျား၊ မ ပေါင်း (၆၅၃) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျား၊ မ ပေါင်း (၆၃၅) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၈) ဦးရှိသဖြင့် စာမေးပွဲဖြေဆို မှုရာခိုင်နှုန်း (၉၇.၂) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဟိုပင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးအောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အ.ထ.က (ဟိုပင်) စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုကျောင်းသား/သူပေါင်း (၄၄၇) ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား/သူပေါင်း (၁၁၈) ဦး၊ စုစုပေါင်း (၆၃၅) ဦးတို့ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး (ပြန်/ဆက်)