တောင်သာ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန ၄ ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား၊ သူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန ၄ ခု ဖြစ်သည့် အ.ထ.က တောင်သာ၊ အ.ထ.က ဝဲလောင်၊ အ.ထ.ကဇဂျမ်း၊ အ.ထ.က ကျောဇီတို့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် စာရင်းရှိ ကျောင်းသား ၂၃၆ ဦး၊ ကျောင်းသူ ၄၃၉ ဦး စုစုပေါင်း ၆၇၅ ဦးရှိပြီး၊ ပျက်ကွက်သူကျောင်းသား ၁၈ ဦး၊ ကျောင်သူ ၁၉ ဦး၊ စုစုပေါင်း ၃၇ဦး၊ ဖြေဆိုသူကျောင်းသား ၂၁၈ ဦး၊ ကျောင်းသူ ၄၂၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၃၈ ဦး ၊ ၉၄ ဒဿမ ၅၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေစွာဖြင့် ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)