ကာမိုင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်(ဆဌမ)နေ့ ဆက်လက်ဖြေဆို

ကာမိုင်း မတ် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဌမနေ့ (ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒသာသာရပ်)ကို မတ်(၁၇)ရက် နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်အနေဖြင့် ကာမိုင်းမြို့တွင် ဖားကန့်အ‌ခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနအား ကာမိုင်းမြို့အ.ထ.က(ခွဲ)-မြို့မ(၂)နှင့် ကာမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား အ.ထ.က (ကာမိုင်း)တို့တွင်စာစစ်ဌာန(၂)ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ယနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖားကန့်အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနကို အ.ထ.က(ခွဲ)-မြို့မ(၂)တွင် ဖြေဆိုသူ ကျောင်းသား/သူဦးရေ (၄၅၇)ဦးနှင့် ကာမိုင်းအ‌ခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ ဖြေဆိုသူ (၁၃၈)ဦး စုစုပေါင်း(၅၉၅)ဦးရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၈၇)ဒဿမ (၆၃)ရာခိုင်နှုန်းရှိကြောင်း ဖားကန့်မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာ‌မေးပွဲ‌ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီတာဝန်ရှိသူများတို့က ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာမိုင်း(ပြန်/ဆက်)