မောက်မယ်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး(​ဖောင်ကြီး) ကိုဗစ်-၁၉ ကုသရေး Center သို့ သွားရောက် တာဝန်ထမ်းဆောင်ပြီး ပြန်လာသည့်ကျန်းမာရေးဝန်ထမ်းသူနာပြု ၂ ဦးအားကြိုဆို

မောက်မယ် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းသူနာပြု ဦးသည် ရန်ကုန်တိုင်းဒေသကြီး(ဖောင်ကြီး) ကိုဗစ်-၁၉ ကုသရေး Center မှ တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသဖြင့် ယမန်နေ့ ညနေ နာရီက မြို့အဝင်ဂိတ်တွင်   သွားရောက်ကြိုဆိုခဲ့ကြသည်။

ထိုသို့ကြိုဆိုတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ ကဦးဆောင်၍ မြို့နယ်အဆင့်လုပ်ငန်းကော်မတီတွင် ပါဝင်သော အဖွဲ့၀င်များနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ဂုဏ်ပြုပန်းစီးများဖြင့်  ကြိုဆိုခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)