မိတ္ထီလာ၊ ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ငွေစာရင်းဆိုင်ရာထိန်းသိမ်းနည်းသင်တန်းကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များ အတိုင်း Virtual စနစ်ဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခရိုင်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။
အဆိုပါ ငွေစာရင်းဆိုင်ရာထိန်းသိမ်းနည်းသင်တန်းကို မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေဖြင့် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် ၎င်းကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ် ရုံးများရှိ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲမှ ဝန်ထမ်းများအား ဘဏ္ဍာရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဘဏ္ဍာရေး ကျင့်စဉ်ကြီး(၅)ရပ်နှင့်အညီ ငွေစာရင်းဆိုင်ရာများ သိရှိနားလည်စေနိုင်ရေးရည်ရွယ်ပြီး ငွေစာရင်းဆိုင်ရာထိန်းသိမ်း နည်းသင်တန်းကို ကိုဗစ်-၁၉ လမ်းညွှန်ချက် များအတိုင်း Virtual စနစ်ဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်ကြာ သင်တန်းသား (၂၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း မိတ္ထီလာခရိုင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း(နည်းပညာ)ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)