ပန်ဝါမြို့၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်းတိန့်နှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ပန်ဝါ ဇန်နဝါရီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်းတိန့်နှင့် ပန်ဝါမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများတွေ့ဆုံ‌‌ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် နာရီခွဲတွင် ဒေသတည်ငြိမ် ဖွံ့ဖြိုး အုပ်ချုပ်ရေး ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်းတိန့်မှ အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံ ပြည်သူများမှ လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါနှင့်် ပတ်သက်သည့် ဆွေးနွေးမှုများ၊ ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်းတိန့်မှ ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်လင်း ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲညွန့်(ပြန်/ဆက်)