ပျော်ဘွယ် မတ် ၁၈
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၈ ရက်၊ နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိပြီး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း၌ စက်မှုဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၃၇ ဦး၊ ကျောင်းသူ ၂၅ ဦး၊ စုစုပေါင်း ၆၂ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူမရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)