ပြည်ကြီးတံခွန်မြို့နယ်တွင် အမက(၁၀)မူလွန်ကျောင်း တစ်ထပ်ကျောင်းဆောင်(၇၅)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ပြည်ကြီးတံခွန် ဇန်နဝါရီ ၁၂

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်သော မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊  အမက(၁၀) မူလွန် ကျောင်းရှိ တစ်ထပ်ကျောင်းဆောင်(၇၅)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ယမန်နေ့ ညနေပိုင်း က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇော်မောင်မောင်၊ ပြည်ကြီးတံခွန်မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကျောင်းဆောင်သစ်(၇၅)ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးမှု အား သတ်မှတ်စံချိန်စံညွန်းများနှင့် အညီအရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ စာသင်ကျောင်းဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေခွင့်ပြုငွေကျပ် (၆၄ဒသမ၈)သန်းဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ(၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကာ အဆောက်အဦမှာ အလျား(၁၂၀)ပေ၊အနံ(၃၀)ရှိ Streel Structure တစ်ထပ် အဆောက်အဦဖြစ်ကာ စာသင်ခန်း(၄)ခန်းပါဝင်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)