ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနနှင့် ကလေးစာဖတ်ခန်းတို့တွင် သင်တန်းများ ဖွင့်လှစ်

ညောင်ဦး မတ် ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်းနှင့် ပြည်သူ့စာကြည့်တို့၌ နွေရာသီအားလပ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းများ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

နွေရာသီအားလပ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်း၌ မွေ့လျော်စေရန် ရည်ရွယ်ကာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး၌ စစ်တုရင် အတတ်သင်တန်းနှင့် အင်္ဂလိပ်စာ၊ ပန်းချီဆွဲအခြေခံသင်တန်းများအား ပိတ်ရက်မရှိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြရာ ကျောင်းပေါင်းစုံးမှ ကျောင်းသား၊ ကျောင်းသူ (၇၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း