မင်းတပ်၌ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မင်းတပ်တက္ကသိုလ်ပေါင်းစု တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မင်းတပ်  ဇန်နဝါရီ  ၁၂

ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မင်းတပ်တက္ကသိုလ် ပေါင်းစုတည်ဆောက်ရေး လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မင်းတပ်တက္ကသိုလ် ပေါင်းစုတည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်သည့် မုံရွာအထူးအဖွဲ့(၁၀)မှ တည်ဆောက်ရေး အင်ဂျင်နီယာများက မင်းတပ်တက္ကသိုလ် ပေါင်းစုတည်ဆောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းပြကြသည်။

မင်းတပ်မြို့တွင် ဝိဇ္ဇာ/သိပ္ပံကောလိပ်၊ ပညာရေးကောလိပ်၊ AGTI ကောလိပ်တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် စတင်တည် ဆောက်ခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ ၃၂၅.၉၁ ဧကရှိကြောင်း အဆောက်အဦ တည်ဆောက် ပြီးစီးမှု ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက တည်ဆောက်ရေး လုပ်ငန်းများကို အရည်အသွေးပြည့်မီပြီး သတ်မှတ်ချိန် အတွင်း ပြီးစီးရန်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ လုပ်ကိုင်ကြရန် မှာကြားသည်။

KSM (မင်းတပ်)