သာစည် မြို့မရဲစခန်း၌ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

သာစည် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီက သာစည် မြို့မရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရာ မြို့မရဲစခန်းမှူး၊ ဒုရဲမှူးနှင့် အရာရှိအရာခံများ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရုံးခန်း၊ အချုပ်ခန်း၊ လက်နက်တိုက်နှင့်ဝန်ထမ်းလိုင်းခန်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးပြီး မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များကို အကြံပြုခဲ့ကြောင်း သိရသည်။

ထို့နောက် မီးသတ်ဆေးဘူးအသုံးပြုနည်း ပြသကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)