မဟာအောင်မြေ မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောင်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မဟာမြိုင်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်သည်။
အဆိုပါပေးအပ်မှုအား မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ တာတန်ရှိသူများက လာရောက်ပေးအပ်၍ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလစာ တစ်လလျှင် နှစ်သောင်းနှုန်းဖြင့် အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူ ၅၀ အား ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း