ညောင်ရွှေ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း၌ သွားအလာကန့်သတ်ထားရှိသူများ၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်း ရှိမရှိစစ်ဆေးအတည်ပြုနိုင်ရန်အတွက် RDT (Task Kit)ဖြင့် စမ်းသပ်စစ်ဆေးမှု (၁၅)ဦး၊ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေး နိုင်ရန် PCR ဓာတ်ခွဲနမူနာရယူခြင်း(၇)ဦး စုစုပေါင်း (၂၂) ဦး ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများကိုမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အရပ်ဖက်စေတနာ့ ဝန်ထမ်းများက စနစ်တကျရယူခဲ့ပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပို့ဆောင်စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုရ လဒ်အဖြေများအား အများပြည်သူ သိရှိနိုင်စေရန်အတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
စိုင်းအယ်ဘဲ