ဝမ်းတွင်း မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် လူငယ်လူရွယ်များက လွတ်လပ်ရေးကို ထိန်းသိမ်းစို့၊ လှုပ်ရှားသွားလာ ဤကမ္ဘာ၊ ခါနွေဦး၊ သဇင်ပန်း၊ ပျင်းသူမချွန်၊ ချွန်သူမပျင်း၊ ကြိုးစားကြမယ်၊ အလှတကြော့ကြော့၊ သစ်ပင်ကြီးနှင့် သစ်တောက်ငှက်၊ ကျောက်သင်ပုန်းလေး စသည့် ရွှေသွေး၊ မိုးသောက်ပန်း ဂျာနယ်တွင်ပါရှိသော ကလေးကဗျာများကို ဖတ်ရှုခဲ့ကြသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များရှိ လူငယ်လူရွယ် ၂၁ ဦးကပါဝင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က အမှတ်တရလက်ဆောင်များပေးခဲ့ကြောင်း သိရသည်။
ရွှေလွန်းပျံ