ပူတာအိုခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့သင်္ချာဘာသာရပ် အေးချမ်းစွာဆက်လက်ဖြေဆို

ပူတာအို မတ် ၁၃

ကချင်ပြည်နယ်၊ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့ နံနက်ပိုင်းကဖြေဆိုလျက်ရှိရာ ပူတာအိုခရိုင်တွင် စာစစ်ဌာန (ခုတွင် ကျောင်းသားကျောင်းသူများအေးချမ်းစွာဆက်လက်ဖြေဆိုသည်။

ပူတာအိုခရိုင်အတွင်း ပူတာအိုစာစစ်ဌာန၊ မချမ်းဘောစာစစ်ဌာန၊ နောင်မွန်စာစစ်ဌာနသုံးခုတွင် သင်္ချာဘာသာရပ်အား မေးပွဲဖြေဆိုရန်စာရင်းရှိ(၉၆၆)ဦးအနက် ဖြေဆိုသူ(၈၉၄)ဦးဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၃) ရာခိုင်နှုန်းဖြေဆိုလျက်ရှိကြောင်းသိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာ‌ရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်ပညာရေးမှူး ဦးခွန်ထွန်းနှင့်ဆရာ/မများ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)