ပူတာအို မတ် ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်ပိုင်းကဖြေဆိုလျက်ရှိရာ ပူတာအိုခရိုင်တွင် စာစစ်ဌာန (၃) ခုတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုသည်။
ပူတာအိုခရိုင်အတွင်း ပူတာအိုစာစစ်ဌာန၊ မချမ်းဘောစာစစ်ဌာန၊ နောင်မွန်စာစစ်ဌာနသုံးခုတွင် အင်္ဂလိပ်စာဘာသာရပ်အား မေးပွဲဖြေဆိုရန်စာရင်းရှိ (၉၆၆) ဦးအနက် ဖြေဆိုသူ (၈၉၄) ဦးဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၃) ရာခိုင်နှုန်းဖြေဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်ပညာရေးမှူး ဦးခွန်ထွန်းနှင့်ဆရာ/မများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)