ပူတာအို မတ် ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်ကိုစတင်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပူတာအိုခရိုင်တွင် စာစစ်ဌာန(၃)ခုတွင် ကျောင်းသားကျောင်းသူများအေးချမ်းစွာစတင် ဖြေဆိုသည်။
ပူတာအိုစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၈၇၀) ဦးအနက် ဖြေဆိုသူ (၈၁၂) ဦးဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၃) ရာခိုင်နှုန်း၊ မချမ်းဘောစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၅၀) ဦးအနက်ဖြေဆိုသူ (၄၄) ဦးဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၈၈) ရာခိုင်နှုန်း၊ နောင်မွန်စာစစ်ဌာနတွင် စာမေးပွဲဖြေဆို ရန်စာရင်းရှိ (၄၆) ဦးအနက် ဖြေဆိုသူ(၃၈)ဦးဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၈၃) ရာခိုင်နှုန်း ဖြစ်ပြီး ပူတာအိုခရိုင်အနေဖြင့် စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၉၆၆)ဦးအနက် ဖြေဆိုသူ (၈၉၄) ဦးဖြေဆိုသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၃) ရာခိုင်နှုန်းဖြေဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်ပညာရေးမှူး ဦးခွန်ထွန်းနှင့်ဆရာ/မများက ကျောင်းသားကျောင်းသူများအေး ချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများနှင့်ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုရန်အတွက် အေးချမ်းစွာ စနစ်တကျတန်းစီပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)