ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုက ပြည်သူများသို့ ရေထွက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ညောင်ရွှေ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ညှိနှိုင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများကို ပြည်သူများသို့ ဈေးနှုန်း ချိုသာစွာဖြင့် ယမန်နေ့ကစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချမှုကို မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် တိုးတက်စည်သာ အခြေခံ သမဝါယမအသင်းက တီလားပီးယား၊ ငါးဖယ်၊ ငါးခုံးမ၊ ပုစွန်ဆိတ်စသည့် ရေထွက်ပစ္စည်းများကို ကိုဗစ်-၁၉ ကာလအတွင်း စားသုံးသူပြည်သူများ ရေထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်သူများ၏ အခက်အခဲများ အဆင်ပြေစေရန် သမဝါယမ၏  No Profit ၊ No Loss မူအတိုင်း ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်